Venerable Dhammā Cāra has lived in the cave on Mount 41 since 2012. After living in the cave, he moved to the tiny house.
ဗုဒ္ဓ၏ အသက်ရှူလေ့ကျင့်ခန်း (ဒီ။ ၂။ ၂၃၁။ ၉။ ၃၇၄။ မဟာသတိပဋ္ဌာနသုတ္တ၊ ကာယာနုပဿနာ၊ အာနာပါနပဗ္ဗ) ၁။ ရှေးဦးစွာ၊ ရဟန်းသည် တောသို့ သစ်ပင်ရင်းသို့ တိတ်ဆိတ်ရာသို့ သွားရောက်၍၊ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍၊ ဝင်လေထွက်လေကို သိသောစိတ်ဖြင့် ထိုင်ပါ။ ၂။ ဝင်လေထွက်လေကို သေသေချာချာ သိပါ။ (ခန္ဓာကိုယ် မလှုပ်သင့်) ၃။ ရှည်ရှည်ရှိုက်လျှင် ရှည်ရှည်ရှိုက်သည်၊ ရှည်ရှည်ရှူလျှင် ရှည်ရှည်ရှူသည်ဟု သေသေချာချာ သိပါ။ ၄။ တိုတိုရှိုက်လျှင် တိုတိုရှိုက်သည်၊ တိုတိုရှူလျှင် တိုတိုရှူသည်ဟု သေသေချာချာ သိပါ။ ၅။ ဝင်လေ အစ အဆုံး၊ ထွက်လေ အစ အဆုံးကို ထင်ရှားသိ၍ လေ့ကျင့်ပါ။ ၆။ ရုန့်ရင်းသော ဝင်လေထွက်လေကို ငြိမ်းစေလျက် လေ့ကျင့်ပါ။ ☸️ (၁ မှ ၆ အထိသည် လေ(ရုပ်တရား)ကို သေချာစွာ သိနိုင်သော လေ့ကျင့်ခန်းများ ဖြစ်ကြသည်) (သမထ) (အပြာနု= တည်ငြိမ်မှု) ၇။ မိမိ၏ ဝင်လေထွက်လေကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ၈။ သူတစ်ပါး၏ ဝင်လေထွက်လေကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ၉။ မိမိ နဲ့ သူတစ်ပါး၏ ဝင်လေထွက်လေကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ၁၀။ ဝင်လေထွက်လေ၏ ဖြစ်ကြောင်းတရား နှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ၁၁။ ဝင်လေထွက်လေ၏ ပျက်ကြောင်းတရား နှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ၁၂။ ဝင်လေထွက်လေ၏ ဖြစ်ကြောင်းပျက်ကြောင်းတရားတို့နှင့် ဖြစ်ခြင်းပျက်ခြင်းသဘောတို့ကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ ☸️ (၇ မှ ၁၂ အထိသည် ထိုးထွင်းသိမြင်နိုင်သော လေ့ကျင့်ခန်းများဖြစ်ကြသည်) (ဝိပဿနာ) (လိမ္မော်နု= အကောင်းမြင်မှု) လေ တည်းဟူသော ရုပ်တရားသာရှိသည် ဟု သတိပြုမိလာမည် ဖြစ်၏။ အဆင့်ဆင့် အသိဉာဏ် တိုးပွားလာမည်၊ အဆင့်ဆင့် သတိ တိုးပွါးလာမည် ဖြစ်၏။ လောက၌ အခြားသော အာရုံကို ကပ်၍ မယူတော့၊ စိတ်၌ မဖြစ်ပေါ်တော့။ (သတိပဋ္ဌာန်၏ အကျိုးများ ဖြစ်ကြသည်) ၁၃။ ဝင်လေထွက်လေ(ရုပ်တရား)ကို အကြိမ်ကြိမ် စောင့်ကြည့်ပါ။ (၁၃ သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည်အထိ ဆက်၍ လေ့ကျင့်ရမည့် လေ့ကျင့်ခန်း ဖြစ်သည်) ☸️ (မဟာသတိပဋ္ဌာန်) (အဝါနု= ဉာဏ်ပညာ) ဤစာရေးရခြင်းကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လွယ်ကူစွာ ရနိုင်ပါစေ။ (မဂ်ဖိုလ်နိဗ္ဗာန်) (ခရမ်းနု= သိမ်မွေ့သော ငြိမ်သက်မှု) စာရေးသူ= ဘဒ္ဒန္တ ဓမ္မာစာရ၊ ဘဝသံသရာတောရကျောင်း၊ ဖိုးဝမ်းတောင်၊ တောင်လေးလုံးအုပ်စု၊ တောင်ကြီး။ HP 📱 + Viber 🖥️ = +95 9 68 717 9900 (UD: 1/17, 2026)
ဗုဒ္ဓ၏ အသက်ရှူလေ့ကျင့်ခန်း (ဒီ။ ၂။ ၂၃၁။ ၉။ ၃၇၄။ မဟာသတိပဋ္ဌာနသုတ္တ၊ ကာယာနုပဿနာ၊ အာနာပါနပဗ္ဗ) UD: 1/17, 2026.

